St. Teresa International University သည် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန အဆင်မြင့်ပညာဦးစီးဌာန၏ တရားဝင် အသိအမှတ်ပြုမှုဖြင့် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အဆင့်မြင့်ပညာ များကို သင် ကြားပေးနေသော နိုင်ငံတကာ ကောလိပ် တစ်ခုဖြစ်ပါသည်။ တက္ကသိုလ် အနေဖြင့် ခိုင်မာသော ရေရှည် ရည်မှန်းချက်များ ချမှတ်ပြီး နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ကာ အရည်အချင်းပြည့်မှီသော ဘွဲ့သင်တန်းများကို ပို့ချပေးလျှက်ရှိပြီး နိုင်ငံတကာ အသက်မွေးဝမ်းကြောင်း မှာ လုပ်ကိုင်နေတဲ့ များစွာသော ဘွဲ့ရများကိုလည်း မွေးထုတ်ပေးနေသော တက္ကသိုလ် တစ်ခုဖြစ်ပါသည်။
တက္ကသိုလ်၏ အထူးအားသာချက် တစ်ခုကတော့ နောက်ဆုံးနှစ်ကျောင်းသားများ အနေနဲ့ Credit Transfer ယူပြီး USA, UK, New Zealand ရှိ မိတ်ဖက်တက္ကသိုလ်တွေမှာ နောက်ဆုံးနှစ်ကို တက်ပြီး မိတ်ဖက်တက္ကသိုယ်၏ ဘွဲ့ လက်မှတ်ကို ယူနိုင်ပါသည်။ နောက်ထပ်ထူးခြားချက် တစ်ခုကတော့ ထိုင်းနိုင်ငံတွင် Nursing Science ဘာသာရပ်များကို အင်္ဂလိပ်လို ပို့ချသင်ကြားပေးနိုင်သော နိုင်ငံတကာသင်တန်းကျောင်း အနည်းစုသာရှိရာ St.Teresa International University သည် ယင်းနိုင်ငံတကာသင်တန်းကျောင်းတွေထဲက တစ်ခု ဖြစ်သည့်အတွက် St.Teresa မှ ဘွဲ့ရသွားတဲ့ ကျောင်းသားများအနေဖြင့် နိုင်ငံတကာ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက်လည်း အရည်အချင်း ပြည့်၀နေမည်ဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံ ၏ ပညာရေးနယ်ပယ်တွင် အင်္ဂလိပ်စာ သိပ္ပံ သင်္ချာ နှင့် မူလတန်းကြိုပညာရေး ဘာသာရပ်များကို အင်္ဂလိပ်လို ပို့ချသင်ကြားပေးနိုင်သော ဆရာ ဆရာမ လိုအပ်ချက်မြင့်မားနေမှုကို ဖြည့်ဆည်းပေးရန် အတွက် St.Teresa International University မှ ပညာရေးဘွဲ့ (Bachelor of Education) ကို လည်း အသစ် ထပ်မံဖွင့်လှစ်ထားပါသည်။
ကမ္ဘာ့ရွာြကီးလို့တင်စားတဲ့ အစဉ်တိုးတက်ပြောင်းလဲနေသောခေတ်နှင့် အညီ St. Theresa International University သည်ကျောင်းသားကျောင်းသူများ အကြား မည်သည် လူမျိုး၊ ဘာသာ၊ နိုင်ငံသားဖြစ်စေ နိုင်ငံဂုဏ်ကို ထိန်းသိမ်းကာ ယဉ်ကျေးမှု ဆိုင်ရာ လှုပ်ရှားမှုများတွင်ပါဝင်လုပ်ဆောင်ရင်း နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ဆောင်မှုကို အစဉ်တစိုက် ပံ့ပိုးအားပေးနေပါသည်။