ကျွန်ုပ်တို့၏ ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ ပရိုဂရမ်သည် ပြည်သူ့ကျန်းမာရေး ပြဿနာများကို ဖြေရှင်းနိုင်သော ခေါင်းဆောင်များ ၊ အုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများ ဖြစ်သော ကျောင်းဆင်းများကို မွေးထုတ်ရန် ရည်ရွယ်ပါသည်။ ပြည်သူလူထု၏ ကျန်းမာရေးနှင့် လုံခြုံမှုကို တိုးတက်ကောင်းမွန်စေရန် ပတ်ဝန်းကျင်ကျန်းမာရေးနှင့် လုပ်ငန်းခွင်ကျန်းမာရေးတွင် ကျန်းမာရေးထိန်းချုပ်မှုနှင့် ကာကွယ်ရေးတို့ကို မြှင့်တင်ပေးရန်အတွက် သုတေသနများမှ အသိပညာအသစ်ကို ဖန်တီးရန် နှင့် ပြည်သူလူထုအတွက် ပိုကောင်းသော လူနေမှုဘဝကို ပေးစွမ်းရန် ကျွန်ပ်တို့ ရည်ရွယ်ပါသည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ပညာရေးမူဘောင်များ ကိုယ်ကျင့်တရားကျင့်ဝတ်များ နှင့်အညီ ဒေသတွင်း တွင်မက နိုင်ငံတကာရှိ ကွန်ယက်များ သက်ဆိုင်ရာပါတီများနှင့် အတူ ပူးပေါင်းလုပ်ဆောင်ကာ ပြည်သူ့ကျန်းမာရေးပြဿနာများကို ဖြေရှင်းရန် ရည်ရွယ်ပါသည်။
ပြည်သူ့ကျန်းမာရေးပညာရှင်များမွေးထုတ်ပေးနိုင်ရန်
ကျန်းမာရေးစနစ်ကို တည်မြဲစွာ ဖွံ့ဖြိုးတိုးတက်စေရန် နည်းလမ်းများရှာဖွေရန်
ကျန်းမာရေးစနစ်ကို မြှင့်တင်ပေးပြီး ရောဂါကာကွယ်ပေးမယ့် အစီအစဉ်တွေနဲ့ နည်းဗျူဟာတွေကို ရေးဆွဲနိုင်ရန်
ဥပဒေတွေနဲ့ပတ်သက်တဲ့ အသိပညာတွေကို ပြည်သူလူထုဆီ တိကျမှန်ကန်စွာ လွှဲပြောင်းပေးနိုင်ရန်
ထိရောက်တဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်း သင်ကြားရေး စီမံခန့်ခွဲမှုအတွက် စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်။