Loading...

ပညာရေးဘွဲ့ (မူလတန်းကြိုပညာရေး) (နိုင်ငံတကာ ပရိုဂရမ်)

အရည်အသွေးပြည့်ဝသောပညာရေးသည် ၂၁ ရာစုတွင်အသိပညာ၊အကျင့်စာရိတ္တနှင့်ကျွမ်းကျင် မှုများ ဖြင့်သင်ယူသူများကိုပြုစုပျိုးထောင်ပေးနိုင်စွမ်းရှိသောဆရာများလိုအပ်ပါသည်။ထို့ကြောင့်ကလေး များ ၏သင်ယူမှုသည် စာသင်ခန်းအတွင်းသင်ကြားမှုနှင့် သင်ယူမှုတွင် အင်္ဂလိပ်စာကို အသုံးပြုရန်လိုအပ်ပါ သည်။စိန့်ထရီဆာနိုင်ငံတကာတက္ကသိုလ်သည် ကျွမ်းကျင်စံနှုန်းများနှင့်ကိုက်ညီ သော လူမှုအဖွဲ့အ စည်း များနှင့်ပညာရေးဆိုင်ရာအေဂျင်စီများ၏ လိုအပ် ချက် များ ကို ဖြည့် ဆည်း ပေးရန် အတွက် အင်္ဂလိပ် ဘာသာစကားအထူးကျွမ်းကျင်သောမူလတန်းကြို ပညာရေးဆရာ များကို မွေးထုတ် ပေးရန် ရည်ရွယ် ပါသည်။

ဤပရိုဂရမ်သည် ထိုင်းဆရာများကောင်စီမှ သတ်မှတ်ထားသော ဆရာအတတ် ပညာစံနှုန်းများနှင့်အညီ မူလတန်းကြိုပညာရေးတွင် အင်္ဂလိပ်စာကျွမ်းကျင်မှုဖြင့် မူလတန်းကြို ပညာ ရေး အထူးပြု ဆရာ များ ကို မွေးထုတ်ပေးရန် အလေးပေး ဆောင်ရွက် လျက် ရှိ ပါ သည်။

ဘာတွေသင်ယူရမလဲ

ဤ ၄ နှစ်သင်တန်းမှဘွဲ့ရများသည် အသိပညာ၊ ဘာသာစကားကျွမ်းကျင်မှု၊ ကရုဏာ၊ ရက်ရောမှုနှင့် ကလေးသူငယ်အခွင့်အရေးများကို လေးစားမှုတို့ သင်ယူရမည်။ တစ်ချိန်တည်းမှာပင် ဆရာဖြစ်ခြင်း၏ စိတ်ဓာတ်မြင့်မားခြင်းနှင့် ကွဲပြားမှုကို လက်ခံခြင်း၊ သင်ယူလိုစိတ်ပြင်းပြခြင်း၊ သာလွန်ကောင်းမွန်သော အသိပညာများရရှိရန်၊ မြင့်မားသောပညာကို ဆည်းပူးခြင်း၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်ခြင်း၊ လုပ်ငန်းခွင် တွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နိုင်ခြင်း၊ လူမှုရေးနှင့် စာရိတ္တဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ဆရာများ၏ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်နိုင်ရန်သင်ယူရမည်။ကလေးများနှင့် လူ့အဖွဲ့အစည်းအတွင်းရှိ ပြည် သူများအတွက် စံနမူနာယူထိုက်သော ဆရာ ဆရာမများသည် တိုင်းပြည်၏ ပညာရေးအရည် အသွေးကို စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် အသိပညာနှင့် အပြုအမူများကို ဖြန့်ဝေ ပေးသော ဆရာ များဖြစ်သည်။



ရွေးချယ်နိုင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ

မူလတန်းကြိုပညာရေးသည် အထူးသဖြင့် အင်္ဂလိပ်စာကို သင်ကြားရေးကြားခံအဖြစ် အသုံးပြုသည့် အများစုသော ပညာရေးအဖွဲ့အစည်းများ/ ကျောင်းများတွင် အလွန်လိုအပ်သည်။

  • မူလတန်းကြိုဆရာ
  • ပညာရေးကျွမ်းကျင်သူ
  • မူလတန်းပြဆရာ
  • ကျောင်းအုပ်ချုပ်ရေးမှူး
  • မူလတန်းကြိုကလေးအထူးကု
  • International School လက်ထောက်ဆရာ
  • ရပ်ရွာပညာရေး အထူးကျွမ်းကျင်သူ
  • အင်္ဂလိပ်စာဆရာ


လျှောက်လွှာတင်ပါ